တစ်ခါတစ်လေစဉ်းစားမိတာလေးတွေကိုချရေးကြည့်မိတာပါ၊အလုပ်ကလည်းမအား လိုင်းကလည်းကျပ်၊မီးကလည်းပျက် သနားစရာကိုယ့်ဒုက်ခ ကိုယ်ရှာမိပြီးblogရေးစမ်းကြည့်တာပါ၊
ရေးလို့တော့အကောင်းသား
လူတွေက တစ်ခါတစ်လေ ရယ်ရတယ်၊ လူတွေသိတာ ကဘာမှမရှိလဲ စကားလုံး ကြီးကြီးကျယ်ကျယ်တွေသုံး အချင်းချင်း ဘွဲ့ဂုဏ်ထူးတွေပေးပြီးလှည့်စားနေကြတယ်၊ အတုအယောင်နောက်ကိုလိုက်ပြီး မောကြ ပန်းကြ နဲ့ တရားရစရာ ကြီးဘဲ၊လူတွေ ပြောတဲ့တရားဆိုတာ ပါးစပ်မှာဘဲရှိတာ ပါ၊စားကောင်းဝါးကောင်းအောင်လေသံပေးကြတာခပ်များများပါ၊ ကိုယ့်ကိုကိုယ် လိမ်တာလောက်ဆိုးတဲ့လိမ်နည်းမျိုးကလောကကြီးမှာ အဆိုးဆုံးပေါ့၊ သူများလိမ်ရင် သူများကိုအပြစ်တင်ထွက်ပေါက်ရှာနိုင်ပါသေးတယ်၊ကိုယ့် ကို ကိုယ်များလိမ်မိလို့ ကတော့တစ်သက်လုံး သွားပေတော့ပဲ၊အမြင်မတူမူဆိုတာ စိတ်ဆိုးစရာမရှိပါဘူး၊ကိုယ်မမြင်တာကိုသူမြင်တာဖြစ်တဲ့ အတွက် ကိုယ့်အတွက်များကောင်းနေမယ်ဆိုရင် ယူသုံးလိုက်ပညာတောင်ရသေး၊ဒါပေမယ့်လည်းခက်တာက ကျနော်တို့က အမိန့်ထိုင် အမိန့်ထနဲ့တအားအသားကျသွားတော့ခက်နေရတာပေါ့။ လူဆိုရင် ကြောက်တတ်တာတော့ရှိစမြဲပါပဲ ၊ မကြောက်သင့်တာကို ကြောက်နေပြီဆိုရင် ဒီငနဲ က ကြောက်သင့်ရှင်သင့်တာကို မရှက်မကြောက်လုပ်နေပြီဆိုတာ လယ်ပြင်မှာ ဆင်သွားသလို အထင်းသားကြီးသိနိုင်ပါတယ်။ ဥပမာတွေကိုတော့ဝေးဝေးမကြည့်ပါနဲ့ ကိုယ့်အနီးအနားက သာဓကတွေ က အပုံကြီး၊ အထက်လူကြီးကိုဖင်တုန်အောင် ကြောက်နေတဲ့ဝန်ထမ်းတစ်ယောက်၊ဒီလူကွယ်ရာမှာဘာတွေ မကြောက်မရွံ့လုပ်မလဲ တွေးကြည့်ပေါ့။လောကကြီးမှာနေရခဏကို အရုပ်ဆိုးအောင်မလုပ်သင့်.။လိပ်ပြာလှလှလေးနဲ့ရောင့်ရဲတင်းတိမ် တတ်ရင် ပျော်စရာကောင်းပါတယ်။ပြောချင်တာများနေတယ်နောက်မှစာစီပြီး ကိုယ်တို့တွေလုပ်သင့်တာလေးတွေကိုရေးကြည့်မယ်
Saturday, March 29, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment