Followers

Tuesday, April 1, 2008

့မြစ်ဆုံမှာအလှကုန်တော့မှာဖြစ်ကြောင်း

နောက်ဆုံးကြားရတဲ့သတင်းအရ မြစ်ဆုံမှာ ရောကာတာဆောက်လုပ်ဖို့ အေးရှားဝေါလ်က စီစဉ်ပြီးဖြစ်ပါတယ်။အင်မတန်လှပတဲ့ရှုခင်း ဟာပျက်စီးရတော့မယ်။ သဘာဝကို ခံစားကြည့်မယ်ဆိုတဲ့ သူများ အလျင်အမြန်သွားရောက်ကြည့်ရှုသင့်ကြောင်း သတင်းပါးရပါတယ်။ ကချင်ပြည်နယ်လည်း မီးလင်းတန်ကောင်းပါရဲ့၊

တက္ကသိုလ်ဘ၀ပေါ့

တစ်ခါကကျောင်းသားဘဝ
လွမ်းမိပါသေးသည် တစ်ခါကကျောင်းသားဘ၀ကို ၊အထူးသဖြင့် ကိုရီးယားဇာတ်လမ်းများ၊ ဟောလိဝုဒ်မှ ကျောင်းသား ဇာတ်လမ်းများကိုကြည့် မိပါကကျွန်တော်ရောဂါတက်လာလေ့ရှိပါသည်။မှန်တာကိုပြောပါမည် တကယ်တော့ကျွန်တော် မနာလိုနေခြင်းသက်သက်သာဖြစ်ပါသည်။ကိုယ်မရနိုင်တဲ့ဘ၀ဆိုတော့ ဟင်းစပျစ်သီးချဉ် သည်ပဲပေါ့ ။ သူတို့ လေးတွေ ပျော်ရွှင်တက်ကြွစွာ အပူအပင် မဲ့စွာကြိုးစားတာတွေမြင်ရတိုင်း ရင်ထဲမှာ ကျလိကျလိနှင့်ခံစားရပါသည်။ပြီးတော့ကိုယ့်အထက် ကဦးလေးတွေ၊အဒေါ်တွေက သူတို့တက္ကသိုလ်တက်သည့် ရွှေထီးဆောင်းကာလကို ပြန်ပြောင်းကြားရသည့်အခါမျိုးတွင် ၊ရှေးယခင် ခေတ်များဆီက စာရေးဆရာဆရာမတို့၏ လက်စွမ်းပြသည့်တက္ကသိုလ်ဘ၀သရုပ်ဖော်များ ကိုဖတ်ရသည့်အခါမျိုးတွင်တော့ ကျွန်တော် ကိုယ့်ကိုကိုယ် လူဖြစ်ရှုးံသဟဲ့ဟုခံစားချက်များ အလုံးလိုက်အပြားလိုက် မချိမဆန့်ကန်ထွက်လာပါတော့သည်။ (ဒါပေမည့် ဘ၀ဆိုတာ အကောင်းမြင်ရသတဲ့၊အဆိုးထဲကအကောင်းတွေလည်းရှိသား ပဲ၊မောင်မင်းကြီးသားတို့ ကအဖျက်တအားတွေးတာပဲ နော်) ဒါ့အပြင် အလွယ်လမ်းလိုက်ကြသော တစ်ခါလာလည်းမည်းပြာပုဆိုး လုပ်ကြကုန်သော ဒါရိုက်တာကြီးငယ်များတို့ ၏လက်စွမ်းနိုင်နိုင်ပြမှုကြောင့် ကျနော်တို့ ၏ ချစ်စွာသောပရိတ်သတ်ကြီးငယ်များ ၏အတွေးပုံရိပ်တွင် တက္ကသိုလ်တည်းဟူသောအရာကို အင်းလျားကန်ဝန်းကျင်မှမဖယ်ထုပ်နိုင်အောင်ဖြစ်နေရတော့သည်။ (အမှန်မှာ ထိုဝန်းကျင်တွင်ပျိုမြစ်သစ်ဆင်း မောင်မယ် များကို မတွေ့နိုင်)ထို့အပြင်ကျနော့်စိတ်တွင်ဘ၀င်မကျနိုင်အောင်ဖြစ်ရသည်က ဘယ်အတွက်ကြောင့်များ ခေတ်ပေါ် တက္ကသိုလ်ဝတ္ထုများ မပေါ်ရပေသနည်း။ယခု ခေတ်ပေါ် သရုပ်မှန် စာပေများထွက်လာလျှင်ဖြင့် ၀က်ဝက်ကွဲ ရောင်းရနိုင်ပေသည်။ဇာတ်လမ်းကလည်းဆန်းသစ်မည်။ အကြောင်းအရာကလည်း အသစ်၊ဘောက်မဲ့ကြောင့်မရေးအားကြသနည်း။ဥပမာ ၊ ရှေးယခင်က တော့ဘတ်စကားပေါ်တွင် ကောင်လေးနှင့်ကောင် လေးတွေ့ကျ ခါးပိုက်နှိုက် ကကောင်မလေးကို နှိုက်(ပိုက်ဆံအိတ်နော်)၊ကောင်လေးကတွေ့ လူစွမ်းကောင်းလုပ်၊ဒါနဲ့ကောင်မလေးကကျေးဇူးတင် ကန်ဘောင်မှာဘူးသီးကြော်ကျွေး အဟေးဟေး၊ အဲဒါခေတ်ဟောင်းနော် ၊ကဲလာပါပြီခေတ်သစ်၊ ကောင်မလေးကမနက်၆နာရီခွဲလောက်ကတည်းက ဖယ်ရီဂိတ်ကိုရောက် (ဒါမှနေရာရမှာပေါ့၊အဝေးကြီးသွားရမှာဆိုတော့နေရာရမှသက်တောင့်သက်တာရှိတာလေ)ကောင်လေးက ကမန်းကတန်းနဲ့ဖယ်ရီထွက်ခါနီးမှရောက် ၊နေရာကမရ၊ ရလည်းအတော်မျက်နာပြောင်မှစီးရဲမယ် ဟုတ်တယ်လေ နေရာကမှ မလောက်တာ ကောင်မလေးတစ်ချို့တောင်မတ်တပ်ရပ်စီးရတာဆိုတော့၊ကဲပါလေ၊ဆက်မယ်၊ အဲဒါနဲ့ကောင်လေးက တွယ်ပြီးစီးပေါ့၊ ပုဆိုးကလည်းဝတ်ရသေးသဗျာ (ယောင်ထုံးတော့မပါ ၊တော်သေးကွယ် ) ထမင်းချိုင့်ကတဖက် ဆိုတော့ သေချာကိုင်နော်အမောင်ကျောင်းသားပဲ ကွ၊လမ်းကလည်း ရှယ်ကို ခင်းထားတာဆိုတော့ဖင်နဲ့ထိုင်ခုံ ထိတဲ့ ကျောင်းသူကျောင်းသားအရှားသားကလား၊ဒါနဲ့ကောင်လေး က လည်းမြင်းမြီးဆွဲသလိုပေါ့ ၊အဲဒီလိုနဲ့ အသက်နဲ့ရင်းပြီးသွားနေတုန်းဗြုန်းဆို ကားကဘရိတ်အုပ် ကောင်လေးကိုဆွဲလှုပ်သလိုဖြစ်ပြီးပုဆိုးပြုပ် ဟဲဟဲ အဲဒီမှာပေါ့ ခေတ်သစ် တက္ကသိုလ်ဇာတ်လမ်းလေ၊ကောင်မလေးကအစွန်မှာ ထိုင်နေတဲ့သူဆိုတော့အမြန်ဆုံးဆွဲယူပေး(ထမင်းချိုင့်ကွဲ့)၊ကောင်လေးအရှက်ကိုကယ်တင်လိုက် ၊ ကောင်လေးကလည်း ကျေးဇူးတင်၊ဒါနဲ့ ကျောင်းရဲ့ကဲန်တင်းမှာ မုန့်လိုက်ကျွေး(ကဲန်တင်းဆိုလို့ အထင်မကြီးပါနဲ့ ၂ခုတည်းရှိတာပါ၊ကိုယ်တို့ခေတ်တုန်းကပြောပါတယ်အခုတော့မသိဘူးနော်) ကောင်လေးကလည်း အခွင့်ကောင်းယူပြီး ကောင်မလေးဆီကစာအုပ်ငှား(ဒီမှာတော့ခေတ်ဟောင်းရောခေတ်သစ်ကော အတူတူပဲ) emailလိပ်စာတောင်း ဟဲဟဲ စာတွေမပေးတော့ဘူးemail နဲ့ပဲပို့မယ် အကုန်သက်သာသွားအောင်လို့။ပြီးတော့ လျှောက်လည်ကြမယ် ၊ အင်းဒီမှာ ကွာသွားတာ ပေါ့ သူတို့ခေတ်ကများ အင်းလျားကန်နဲ့ လိပ်ခုံးနဲ့ အာစီတူးတဲ့ ၊အခု များ လည်စရာဆိုလို့ လယ်ကွင်းရယ် စိတ်ကျန်းမာရေးဆေးရုံနဲ့ ထန်းရည်ဆိုင်နဲ့ ချုံဖုတ်ဘဲရှိတယ်၊မထူးဘူးကွာ ရှိတဲ့နေရာမှာ ပျော်အောင်နေရမယ်ဆိုတော့ စက်ရုံနားနီးတော့လည်းဘ၀ အတွေ့အကြုံပိုရတာပေါ့ကွာ၊ (လုပ်ငန်းခွင်အတွေ့အကြုံပိုရအောင်လို့ ပေါ့ကွာမင်းတို့ကို စက်ရုံ လယ်ကွင်းနားထားတာ၊ဒါက အပြုသဘောလေ) ဒါနဲ့ ဘဲစာမေးပွဲကနီးလာ ၊ကျောင်းကလည်း အဝေးသင်လို တက်ထားမိ တော့(အခုကိုပြောတာမဟုတ်ဘူးနော် တို့တက်တုန်းကအဲလိုပဲ မယုံရင်ရှေ့မှီ နောက်မှီ အလယ်လူတွေကိုမေးကြည့်) လာပါပြီ spot တွေ၊micro တွေ(ဟင်းဒါကတော့အခုထက်ထိရှိတယ်ကြားတာပဲ)၊ဒုက္ခ က pratical လုပ်တဲ့နေရာမှာပေါ့ကွာ၊ လုပ်လိုက်တဲ့practical ကွန်ပြူတာတွေ အကုန် hang ကုန်တယ်၊ကွန်ပျူတာကျောင်းသားကွ ကွန်ပျူတာကို ဖွင့်တတ်ပိတ်တတ်နည်းလား၊ကဲပါလေ ပြောရင်းနဲ့ဘေးထွက်ကုန်ပြီ၊ရန်သူ ဟုတ်ပြီ ခေတ်ဟောင်းတုန်းကတော့ ဘယ်သူရန်သူလဲဆိုတော့ ချမ်းသာတဲ့ကောင်လေးတစ်ယောက် အင်းဒီဘက်ခေတ်ကျတော့ယဉ်ကျေးမှုတော်လှန်ရေးဆိုတော့ အ၀တ်အစားနဲ့ ခွဲလို့မရဘူး
ဟန်းဖုန်း နဲ့ကွ (ကားရှိလည်းမယူလာပါဘူး အောက်ပိုင်းပြင်ရလွန်းလို့မကိုက်ဘူး)ဖုန်းကလည်း ဟန်ပါပဲ၊ မြို့ပြင်ဆိုတော့ ၀ါးလုံးပေါ် ဖုန်းကပ်ချည်ပြီး ပြောမှပဲ ရနိုင်တဲ့အနေအထား၊ ဟို အရင် ကဇာတ်လမ်းမှာမင်းသမီးကအ၀တ်အစား ပြန်လန်နေအောင်ဝတ် ခေတ်ဆန်ပြီးလွတ်လပ်ပေါ့ပါး ၊ အခု တော့အဲ့လောက်မရတော့ဘူး၊ဘောင်တော့နည်းနည်းကျဉ်းသွားတယ်ကွယ်၊ သိတယ်မလား လူတန်းစားမခွဲခြားရအောင် တူညီဝတ်စုံပေးဝတ်ထားတယ်၊(ပိုက်ဆံအကုန်သက်သာတာပေါ့နော်၊မိဘတွေအကြိုက်)အဲဒါကြောင့် အ၀တ်အစားနဲ့ပတ်သတ်ပြီးဇာတ်လမ်းမလုပ်တော့ဘူး၊ဖုန်းကိုင်မယ် ၊ဆံပင်အရောင်ခိုးဆိုးမယ် အဲလောက်ဘဲရမယ် ဇာတ်ကွက်ကနည်းနည်းကျပ်တယ် ဒါပေမယ့်ရေးမယ်ဆိုရင်လှအောင်ရေးလို့တော့ရတယ်။ကောင်မလေး ကဆံပင်အနီဆိုးမိလို့ ဆရာမ ငယ်တွေက မနာလို(သူတို့ဆိုးမရလို့၊ရရင်သူတို့ကပိုကဲအရင်ကဇာတ်လမ်းတွေကိုသာကြည့်ပေါ့၊)အရင်ကတက္ကသိုလ်ကျောင်းသူတွေဟာဖက်ရှင်မှာဦးဆောင်ကြပါတယ်။အခုများခေတ်ပြောင်း သွားလို့ပဲလို့ ဖြေသိမ့်လိုက်ပါမယ်လေ။စက်ရုံအလုပ်သမ ၀တ်စုံမျိုးကို ဖက်ရှင်ထွင်ရမယ်ဆိုရင် Georgio Armani,Christian Dior,Celvin Klein တို့ငိုသွားမှာပေါ့၊ဒါ ကြောင့်အလွန်ဆုံး စကဒ်ထမိန်လောက်ပဲရမယ်နော်။ယောကျာ်းလေးတွေလည်း ကပ်နားကပ်နဲ့ ဆံပင်နီခိုးကြောင်ခိုးဝှက်ဆိုး၊အင်း ဒါတောင် အလိုတော်ရိဆရာမကြီးများကသဘောတော်မတွေ့ရင် အုန်းမှုတ်ခွက်စွပ်ဆံပင်ရပြီမှတ်။ဆရာမကြီးများဟာဆိုရင်ဖြင့်အုပ်ချုပ်ရေးမှာဖြင့်အင်မတန်တော်ပါပေတယ်ကွယ်(အဓိပ္ပာယ်က ဟင်းဟင်း သိချင်သွားမေးကြည့်ကိုယ့်ပတ်ဝန်းကျင်မှာ) ကဲ ကျောင်းအတွင်းပိုင်းကိုလည်းနည်းနည်းလှည့်စို့ကွယ့်၊ ကျောင်းကြီးကတော့ခမ်းနားပါပေ့ကွယ်။အဟုတ်ပြောတာ အရင်ကျောင်းဟောင်းတွေက နေရာကျပ်တယ်ဆိုပြီးပြောတော့အခုကျောင်းသစ်ကြီးတွေကို ကန်ထရိုက်တာလက်ထဲအပ်တာ ဘာပြောကောင်းမလဲ ဟောကနဲဟောကနဲ မိုးဦးကျ မှိုတွေလိုပေါ့ကွယ်။ တိုင်လုံးကြီးများကခမ်းနားတာဘာပြောမလဲ အဟင်း ကျောင်းထဲမှာလည်း ရေတံခွန်ကို ထည့်ဆောက်ထားတာ(ဒါက မိုးရွာတော့လှေကားမှာရေတွေစီးဖြာတာကို တင်စားတာနော်)ကျောင်းကလည်းငလျင်ဒဏ်ခံနိုင်အောင်ဆောက်ပါတယ်၊ဒါပေမယ့်ဆရာမကြီးက ၀ိတ်ဟီးတော့ အဟီးဖွင့်ပွဲအပြီး မိုးသည်းထန်လို့ ခေါင်မိုးပဲ့ကျသွားပါတယ်။ကျောင်းမှာ ချိန်းတွေ့စရာromantic ဖြစ်တဲ့နေရာ မရှိတော့ အလိုလေး အတွဲတွေကို ရှောင်လို့ကိုမရတော့ဘူး၊သိတယ်မလား လူဆိုတာ မဖြစ်ဖြစ်အောင်ကြံတတ်ကြသကိုး၊ကျောင်းကလည်း သူ့မှာတက်တဲ့သူမရှိမှာစိုးရိမ်ရှာတယ် ဒါ့ကြောင့် ၇၅ % မပြည့်ရင် စာမေးပွဲမဖြေရတဲ့ ၊ကဲလွမ်းခန်းကအဲဒီမှာစတာပါဘဲ၊ကောင်လေးကတော့ကျောင်းတက်ရှာပါတယ်၊အဟင်းအတွက်အချက်မေဂျာယူတာအလကားမဟုတ်ဘူးဆိုတာပြရတဲ့အနေနဲ့ နေ့တိုင်းဂဏန်းတွက်ရပါတယ်၊ ဒါကြောင့်အခန်းထဲမှာ မရှိတာရာနှုန်းများ တယ်၊ဒါကြောင့်D BARထိ သွားတယ်၊ကောင်မလေးကတော့ အတန်းထဲမှာစူပါဂလူးနဲ့ကပ်ထားလို့ အတန်းတက်သွားရရှာတယ် ၊အဲဒီမှာ လွမ်းခန်းပေါ့ စာမေးပွဲကသိပ်မထူးဆန်းပါဘူး
မဖြေ၄၀ ဖြေ၆၀ ခုံနံပါတ်ထိုး ၃၉ ဘေးမျဉ်းဆွဲချတစ်မှတ်ရ အဟဲ၊တက္ကသိုလ်ဆိုတာဆယ်တန်းနဲ့မတူတာအဲ့ဒါဘဲ အများညီရင် ဤကိုကျွဲဖတ်ကြတာဘဲ၊ အဟယ် supply တွေက ၆၀%လောက်ရှိတာဆိုတော့အေးဆေးပဲ d barပဲကြောက်ရတာ၊ကဲပြောစရာဘာများကျန်သေးသလဲလို့ကြည့်လိုက်တာအင်းfresher welcome ပေါ့၊ ဒို့များနောင်တော်တွေ က အထင်ကရ ကဲကြပျော်ကြနဲ့ဝတ္ထုတွေမှာပါနေကြပေါ့၊ အဲဒါလည်း ဘဲငနာတွေ ကောင်မလေးကိုဂေါ်ရင်းပျော်ရင်းစော်ထည့်လိုက်တာကနေ အအုပ်အချုပ်ကောင်းတဲ့ဆရာမကြီးလေ သိတယ်မလား vetoနဲ့ no fresher welcome ဆိုပြီးတစ်ချက်လွှတ် တီးလွှတ်လိုက်တယ်။လွမ်းစရာလေးတွေကတော့ပိတောက်နဲ့ကံ့ကော်ခေတ်ဟောင်းတက္ကသိုလ်မှာနော်၊ အခုတော့တို့များကျောင်းမှာ လေ ဘယ်ကတိုက်လဲ ဦးထွန်းလွင် ကူစရာမလို မြောက်အရပ် (အသို့နည်းဆိုရကား fujiဆပ်ပြာစက်ရုံလေကွယ်၊)အနောက်အရပ် (မေးစရာမလို မသောက်ဘဲနဲ့မုးတယ်ကွယ် ၊ကစော်စက်ရုံလဟယ်) ဒီလိုနဲ့ စက်ရုံဇာတ်ပျက်ကို ကျောင်းဆောင် လုပ်ပြီးသကာလ ဟိုအပေါ်မှာပြောထားတဲ့ကျောင်းကိုပြောင်းခဲ့လေသကွယ်၊(ကျောင်းသစ်ကပိုတောင်မိုက် သေး၊ထန်းရည် ကြိုက် လူမိုက်တွေ အသိုက်တွေ့တာကွ၊ အဟင်းဖွန်သမားတွေလည်း ချုံဖုတ်ကကောင်း၊) ဘာလိုသေးလဲနော့်၊အင်းပြောရရင်မကုန်ဘူးကွယ်၊အတွင်းပိုင်း ကသင်ကြားမှုတွေလည်ပြန်ကြည့်စို့နော်၊ အမောင်ဘွဲ့ရခဲ့ပါသည် ဘုရားစုး program တစ်ပုဒ်ကို ဖြောင့်အောင်မရေးဖူး masterဆက်တက်ရင်ရနိုင်သောငြား ကိုယ့်butterflyကိုယ်မလုံလို့ ရပ်လိုက်တာနော်မှတ်၊ အင်းအခုပြောနေတာတွေ ကနေဇာတ်လမ်းတစ်ပုဒ်ရလာမယ်ဆိုရင်ထပ်ရေးမယ်နော်၊အခုတော့ဒီလောက်ပါဘဲအင်း တော်လောက်ပါပြီ(ပြောမှဖြစ်မယ့်တစ်ခု က စာကြည့်တိုက်ဆိုတာ ပြတိုက်လို့သဘောပေါက်ခဲ့ပြီး အင်တာနက်ဆိုတာကို မသိဘဲကျောင်းပြီးခဲ့ရပါသည်)

Saturday, March 29, 2008

မိမိ၏တည်ရှိမှု

တစ်ခါတစ်လေစဉ်းစားမိတာလေးတွေကိုချရေးကြည့်မိတာပါ၊အလုပ်ကလည်းမအား လိုင်းကလည်းကျပ်၊မီးကလည်းပျက် သနားစရာကိုယ့်ဒုက်ခ ကိုယ်ရှာမိပြီးblogရေးစမ်းကြည့်တာပါ၊
ရေးလို့တော့အကောင်းသား
လူတွေက တစ်ခါတစ်လေ ရယ်ရတယ်၊ လူတွေသိတာ ကဘာမှမရှိလဲ စကားလုံး ကြီးကြီးကျယ်ကျယ်တွေသုံး အချင်းချင်း ဘွဲ့ဂုဏ်ထူးတွေပေးပြီးလှည့်စားနေကြတယ်၊ အတုအယောင်နောက်ကိုလိုက်ပြီး မောကြ ပန်းကြ နဲ့ တရားရစရာ ကြီးဘဲ၊လူတွေ ပြောတဲ့တရားဆိုတာ ပါးစပ်မှာဘဲရှိတာ ပါ၊စားကောင်းဝါးကောင်းအောင်လေသံပေးကြတာခပ်များများပါ၊ ကိုယ့်ကိုကိုယ် လိမ်တာလောက်ဆိုးတဲ့လိမ်နည်းမျိုးကလောကကြီးမှာ အဆိုးဆုံးပေါ့၊ သူများလိမ်ရင် သူများကိုအပြစ်တင်ထွက်ပေါက်ရှာနိုင်ပါသေးတယ်၊ကိုယ့် ကို ကိုယ်များလိမ်မိလို့ ကတော့တစ်သက်လုံး သွားပေတော့ပဲ၊အမြင်မတူမူဆိုတာ စိတ်ဆိုးစရာမရှိပါဘူး၊ကိုယ်မမြင်တာကိုသူမြင်တာဖြစ်တဲ့ အတွက် ကိုယ့်အတွက်များကောင်းနေမယ်ဆိုရင် ယူသုံးလိုက်ပညာတောင်ရသေး၊ဒါပေမယ့်လည်းခက်တာက ကျနော်တို့က အမိန့်ထိုင် အမိန့်ထနဲ့တအားအသားကျသွားတော့ခက်နေရတာပေါ့။ လူဆိုရင် ကြောက်တတ်တာတော့ရှိစမြဲပါပဲ ၊ မကြောက်သင့်တာကို ကြောက်နေပြီဆိုရင် ဒီငနဲ က ကြောက်သင့်ရှင်သင့်တာကို မရှက်မကြောက်လုပ်နေပြီဆိုတာ လယ်ပြင်မှာ ဆင်သွားသလို အထင်းသားကြီးသိနိုင်ပါတယ်။ ဥပမာတွေကိုတော့ဝေးဝေးမကြည့်ပါနဲ့ ကိုယ့်အနီးအနားက သာဓကတွေ က အပုံကြီး၊ အထက်လူကြီးကိုဖင်တုန်အောင် ကြောက်နေတဲ့ဝန်ထမ်းတစ်ယောက်၊ဒီလူကွယ်ရာမှာဘာတွေ မကြောက်မရွံ့လုပ်မလဲ တွေးကြည့်ပေါ့။လောကကြီးမှာနေရခဏကို အရုပ်ဆိုးအောင်မလုပ်သင့်.။လိပ်ပြာလှလှလေးနဲ့ရောင့်ရဲတင်းတိမ် တတ်ရင် ပျော်စရာကောင်းပါတယ်။ပြောချင်တာများနေတယ်နောက်မှစာစီပြီး ကိုယ်တို့တွေလုပ်သင့်တာလေးတွေကိုရေးကြည့်မယ်